ဒလ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းသိကောင်းစရာများကိုလည်းကောင်း မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်နိုင်လင်းက ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများမေးမြန်းရာ ပြန်လည်ဆွေးနွေးနိုင်သူများအား ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ဆုချီးမြှင့်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)