ရေကြည်မြိုနယ်တွင် ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် နိုင်ငံသားစိစစ်ဆေးကတ်ပြားအသစ် ပြုလုပ်ဆောင်ရွက်

ရေကြည် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်၍ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ  ၁၁ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း (ရေကြည်)နှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေကြည်မြို့နယ်ဦးစီးမှူး ဦးကျော်သီဟစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားကတ်အသစ်ပြုလုပ်ခြင်းကို နေ့ခြင်းပြီးဆောင်ရွက်ပေးခြင်း၊ Biometric Data ကောက်ယူ၍ (UID) နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများအား သတ်မှတ်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူ(၁၄၅)ဦးတို့အား  နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

မေသန့်ဇင် (ပြန်/ဆက်)