ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများသက်သာချောင်ချိရေး အခြေခံစားသောက်ကုန်ပစ္စည်းများ ရပ်ကွက်/ ကျေးရွာများသို့အရောက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဟိုင်းကြီးကျွန်း ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို  ဇူလိုင်လ ၁၂ ရက်နေ့နံနက် (၈)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌  ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ရောင်းချရာတွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် တာဝန်ရှိသူများသည် ရပ်ကွက်နေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်(၁)ပြည်လျှင် (၃,၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၁၆)ပြည်၊ ဆီ(၁)ပိဿာလျှင် (၆,၅၀၀)ကျပ်နှုန်းဖြင့် (၅)ပိဿာ၊ ဝက်သား(၁)ပိဿာလျှင် (၁၃,၀၀၀)ကျပ်နှုန်းဖြင့် (၅)ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် (၂၀၀)လုံး တို့အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည့်အတွက် ရပ်ကွက်နေပြည်သူများမှလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)