ရေဖြူ ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်က အဖွင့်အမှာစကား ပြောကြားပြီး ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်(၉)ဦး၏ အတုယူဖွယ်၊ မှတ်သားဖွယ်ရာများကို တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ အား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများကို Grade(10) ကျောင်းသား မောင်ထက်သူရနှင့် မဖြိုးသန္တာကြွယ်တို့က ဖတ်ပြခဲ့ကြပြီး အာဇာနည်နေ့နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ ပါဝင်သည့် နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ခတ္တာ