ကျောင်းကုန်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက မြေပြင်ကွင်းဆင်းလူဦးရေစစ်ဆေးခြင်း၊ ပန်းခင်းစီမံချက် အဆင့်(၃)အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးလေးကိုကိုဦးနှင့် ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားမရသူများ တစ်ဦးချင်းအလိုက် အကွက်အပေါက်များစိစစ်ခြင်း၊ မြေပြင်ကွင်းဆင်းလူဦးရေစစ်ဆေးခြင်း၊ ပန်းခင်းစီမံချက် အဆင့်(၃)ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)