ပြင်ဦးလွင်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းဖွင့်ပွဲ ကျင်းပ

ပြင်ဦးလွင်  ဇူလိုင် ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား(၁၀)ဦးအပါအဝင် စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်-၂ ဦးကျော်လွင်ဦးမှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးဟန်မှ စီမံကိန်းလုပ်ငန်းအား အဖွဲ့ခေါင်းဆောင်ထံ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများ၊ သင်တန်းသားများနှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီတွင် ရုပ်သိမ်းသည်။

အဆိုပါ အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းသို့ သင်တန်းသား(၁၀) ဦးတက်ရောက်ကြပြီး သင်တန်းကို ဇူလိုင်လ (၁၅) ရက်နေ့မှ သြဂုတ်လ (၁၃) ရက်နေ့အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကာ မွမ်းမံသင်တန်းကို (၁၅) ရက်ကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူ (၅) ဦးအား ဌာနမှတစ်ဦးလျှင် ငွေကျပ် (၁၄) သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ပါကြောင်း ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)