စမ်း‌‌ချောင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

စမ်းချောင်း   ဇူလိုင် 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့်  (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန္ဒာဦး ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၄)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၉၅)ဦးတို့က အထက်တန်းအဆင့်စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင်လည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)