မိုးညို ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားငူအုပ်စု၊ မင်းလှ-မိုးညိုကားလမ်း မိုင်တိုင် အမှတ်(၁၃/၃)အနီး တောင်သူဦးလှိုင်ဝင်းကျော်ပိုင် ကွင်းအမှတ်(၅၄)သို့ ရောက်ရှိပြီး မိုးစပါး(၅)ဧကစိုက်ခင်းနှင့် မိုးနှမ်း(၈)ဧကစိုက်ခင်းတို့အား ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းအုပ်စု၊ မြစ်သာကျွန်းရွာ မိုင်တိုင်အမှတ်(၄၅/၂) အနီးသို့ ရောက်ရှိပြီး ဧရာဝတီမြစ်ရေ အခြေအနေအား ကြည့်ရှုပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)