သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Jul 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အ.ထ.က(၃) ကျောင်းတွင် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက် ၀မ်း‌‌လျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၃၀၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးနိုင်ရေး လင်းဇင်းရေပေးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၃၀၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးနိုင်ရေး အောက်လင်းဇင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
လသာမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jul 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)လသာကျောင်းဗဟိုစံပြခန်းမတွင် ပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 10,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ၊ လူငယ်နှင့်ပညာဆိုင်ရာစာစု” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ကွင်းဆင်းဆောင်ရွက်
Jul 10,2024
ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်သို့ အဖွဲ့ခွဲကာ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။