ကျောက်ဆည် ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၃၀၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးနိုင်ရေး အောက်လင်းဇင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရေကျအဆောက်အအုံသည် ကျောက်ဆည်မြို့နယ် ပုန်းညက်ကျေးအနီးတွင် တည်ရှိပြီး နှစ်ကာလကြာမြင့်သောကြောင့် ရေအဝင်ပိုင်းနှင့် ရေအထွက်မြေကာနံရံများပျက်စီးကာ မြောင်းဘောင်ရေတိုက်စားပျက်မည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိသဖြင့် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၂၉)ကျပ်သန်းဖြင့် ရေကျအဆောက်အအုံ၏ အထက်၊ အောက်မြောင်းကြမ်းပြင်များနှင့် မြောင်းဘောင်နှုတ်ခမ်းများ ပြန်လည်ပြုပြုပေးရခြင်းဖြစ်ကြောင်း သိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ပေးခြင်းများနှင့်ပတ်သတ်၍ ယခင်က အောက်လင်းဇင်း ဆည်မြောင်းရေသောက်တောင်သူတွေအနေနဲ့ သီးနှံများစိုက်ပျိုးသည့်အခါ ရေပြည့်ဝစွာရပါ့မလား စိုးရိမ်စိတ်များနှင့် သီးနှံများ စိုက်ပျိုးခဲ့ရကြောင်း ယခုအခါ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ပေးသောကြောင့် ဆည်မြောင်းရေများ ရာသီမရွေး အသုံးပြုနိုင်ပြီဖြစ်ပြီး စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာ၌ လိုအပ်သလို အသုံးပြုနိုင်သောကြောင့် လူမှုစီးပွားများဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း တောင်သူ ဦးမြင့်အောင်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)