ကန့်ဘလူခရိုင်ရုံး၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 10,2024
ပြည်သူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ ပူးပေါင်းကာ ဆရာလူထုစိန်ဝင်းရေးသားသော “လူငယ်တွေကိုယုံပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။