မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့များက ()ရပ်ကွက်၊ ဇမ္မူအေးကျောင်းတိုက်ဝန်းရှိ ဘုန်းကြီးကျောင်း(၆၈)ကျောင်း၊ သီလရှင်ကျောင်း()ကျောင်းနှင့် မြို့နယ်မီးသတ်မှူး ဦးပြည့်စုံဦးဆောင်သည့်အဖွဲ့များက ()ရပ်ကွက်၊ အာဿဝတီကျောင်းတိုက်ဝန်းအတွင်းရှိ ဘုန်းကြီးကျောင်း(၇၄)ကျောင်း၊ သီလရှင်ကျောင်း()ကျောင်းတွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်များအသိပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပေးဗီနိုင်းများချိတ်ဆွဲပေးခြင်း၊ ရေစည်ရေအိုးများအတွင်း ကလိုရင်းဆေးခတ်ခြင်း၊ ထုံးမှုန့်ဖြူးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများတွင် မြို့နယ်ကျန်းမာရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါဝင်ပြီး အခြေခံပညာကျောင်းများတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)