လွိုင်လင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လွိုင်လင် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အ.ထ.က(၃) ကျောင်းတွင် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တိုင်းရင်းဆေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းကိုလည်းကောင်း၊ ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိက ကလေးအလုပ်သမားဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ ခရိုင်‌‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးက သဘာဝဘးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေးက လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး(ခရိုင်ပြန်/ဆက်)