စမ်းချောင်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက် ၀မ်း‌‌လျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

စမ်းချောင်း ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ‌လူစည်ကားသည့် ဈေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်‌ကျောင်းများ၊ ဘူတာရုံများ၊ အ‌ခြေခံပညာကျောင်းများတွင် ပြင်းထန် ဝမ်းပျက် ၀မ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်းဆေးခပ်ခြင်း၊ ထုံးဖြူးခြင်း၊ အသိပညာ‌ပေးဗီနိုင်းတပ်ဆင်ခြင်း လက်ကမ်းစာ‌ဆောင်များ‌ ဖြန့်‌ဝေခြင်း၊ လက်သန့်‌ဆေးရည်နှင့် ဆပ်ပြာရည်များ ပေးဝေခြင်းနှင့် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဖြူသွယ်ထွန်း (ပြန်/ဆက်)