လသာမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

လသာ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)လသာကျောင်းဗဟိုစံပြခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဆန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမြင့်မြင့်မော်က ဝမ်းပျက်ဝမ်းလျှောမဖြစ်ပွားရန်အတွက် သန့်လေးသန့်အကြောင်းကိုလည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒေါက်တာမျိုးကိုကိုမှ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ အားတက်သရောပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါပိုးကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနဦးစီးအရာရှိဒေါ်နန်းသဲနုအောင်က ရောဂါနှင့်စပ်လျဥ်း၍ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် ကျောင်းသား/သူ ၁၈၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင် ပြန်/ဆက်