မရမ်းကုန်း ဇူလိုင် ၁၀
ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်သို့ အဖွဲ့ခွဲကာ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားသည့် ဈေးများ၊ ဘုန်းတော်ကြီးကျောင်းများ ၊သီလရှင်ကျောင်းများ၊ အခြေခံပညာကျောင်းများတွင် ပြင်းထန်ဝမ်းပျက်လျှောရောဂါအကြောင်း အသိပညာပေးကာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်း ဆေးခပ်ခြင်း၊ ထုံးဖြူးခြင်း၊ အသိပညာပေးဗီနိုင်းတပ်ဆင်ခြင်း၊ အသိပညာပေးလက်ကမ်းစာဆောင်များ ပေးအပ်ခြင်းနှင့် အသိပညာပေးပြောကြားခြင်း၊ လက်သန့်ဆေးရည်နှင့် ဆပ်ပြာရည်များပေးဝေခြင်းတို့ကို မြို့နယ်စီမံအုပ်ရေးအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့် ကလေးအသင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)