မိုင်းဖြတ်မြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ​အောင်ပွဲအခမ်းအနား ကျင်းပ

မိုင်းဖြတ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ​အောင်ပွဲအခမ်းအနားကို ယမန်​နေ့နံနက်ပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောင်တည်ခဲ့ကြသည်။ ထို့​နောက် သံဃာ​တော်အရှင်သူမြတ်များက ပရိတ်တရား​​​​​တော်များကို ချီးမြှင့်​တော်မူခဲ့သည်။ ယင်း​နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်မှ ဘဒ္ဒန္တသုနန္ဒက ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ​အောင်ပွဲ အနု​မောဒနာဂါထာကို ရွတ်ဖတ်ပူ​ဇော်ခဲ့သည်။

ဆက်လက်၍ သံဃာ​တော်အရှင်သူမြတ်တို့အား နဝကမ္မဝတ္ထုငွေများကို စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းဦးနှင့် စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေးခဲ့ကြသည်။

ယင်း​နောက် စိတ္တသုခကျောင်းတိုက်မှ ဘဒ္ဒန္တစန္ဒာသီရိက နတ်ဗြဟ္မာများကို ပြန်လည်ပင့်ဆောင်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့​ပြီး သံဃာ​တော်အရှင်သူမြတ်တို့အား ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)