မိုင်းယန်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းယန်း ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်မြဲတန်ဖိုးထားမမေ့အပ်စေရန် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီက မွန်ကဲရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှေ့၌  ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကဗျာ၊ စာစီစာကုံးအား "လေးမြတ်ဂုဏ်ရည် အာဇာနည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာ၊ စာစီစာကုံးအား "မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ကဗျာ၊ စာစီစာကုံးအား "အာဇာနည်နေ့တို့မမေ့"ခေါင်စဉ်များဖြင့်လည်ကောင်း ယှဉ်ပြိုင်စေပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး