ကန်ကြီးထောင့် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာလှပရေး မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ယမန်နေ့ ညနေက တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သစ်လွင်တောက်ပစေရေး၊ သန့်ရှင်းသာယာ လှပစေရေးနှင့် မီးဘးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများက မိမိတို့နေအိမ်ပတ်ဝန်းကျင်နှင့် လမ်းဘေးဝဲယာရှိ ခြုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များအား ပေါက်တူများဖြင့် လည်းကောင်း၊ ဓါးများဖြင့်လည်းကောင်း၊ မြက်ဖြတ်စက်များဖြင့်လည်းကောင်း စသည်ဖြင့် ခုတ်ထွင်ရှင်းလင်းခြင်းများကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)