သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် ဖုန်း၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ အသောကလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာတော်သွင်းလှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
May 19,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အသောကလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာတော်သွင်းလှူပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟိုနား‌ကျေးရွာ၊ ဓာတ်ပေါင်းစုစေတီတော်ပုရဝုဏ်အတွင်း ဆင်ယင်ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ခြင်းတောင်းထိုးနည်း၊ ပန်းကြယ်သီးထိုးနည်းနှင့် Bow ကလစ်ပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ခြင်းတောင်းထိုးနည်း၊ ပန်းကြယ်သီးထိုးနည်းနှင့် Bow ကလစ်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
May 19,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ ကျောင်းသား၊ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားပြသပေးနေသည် ဆရာ၊ဆရာမများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် ရွေ့လျားစနစ်ဖြင့် စာအုပ်စာစောင်များ ဖတ်ရှုငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့ နံနက် ၁၁ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ခြေခံကွန်ပြူတာသင်တန်းဖွင့်လှစ်
May 19,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ခြေခံကွန်ပြူတာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရေနံချောင်းမြို့နယ်၌ မိုးရာသီ သီးနှံစုံစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်
May 19,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ် ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်စိုက်ပျိုးနည်းပညာပေးဆိုင်ရာ သီးနှံစုံစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အကြိမ်(၄၀)မြောက် ယဉ်ကျေးလိမ္မာစာမေးပွဲကျင်းပ
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အကြိမ်(၄၀)မြောက် ယဉ်ကျေးလိမ္မာစာမေးပွဲကို အမှတ်(၃၈)ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်၊ သဗ္ဗမင်္ဂလာကျောင်းတော်ကြီး၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။