တောင်တွင်းကြီး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရန်၊ ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲစိုက်ပျိုးရန် အထူးဇုန် (၁၁၉၁၀)ဧက လျာထားပြီး လက်ရှိအချိန်ထိ (၄၇၉၁) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မိုးမြေပဲစိုက်ခင်းများကို ကျေးရွာအုပ်စု (၄၈) အုပ်စုမှ တောင်သူ (၁၆၇၃) ဦးတို့က အထူးဇုန် (၄၇၉၁) ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းမွန်စေရန်နှင့် လျာထားဧက ပြည့်မှီအောင် ကျန်ရှိသည့် မိုးမြေပဲစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးမှုအဖြစ် နှမ်း၊ မြေပဲ၊ နေကြာသီးနှံများ အများစုစိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)