မိုင်းဖြတ်မြို့နယ်၌ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေးလုပ်ငန်းများ ​ဆောင်ရွက်

မိုင်းဖြတ် ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေးလုပ်ငန်းများ​ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ​ဆိုင်း​လေ​ကျေးရွာရှိ စာပန်း​ဝေ​ဝေစာကြည့်တိုက်၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ​ဒေါ်အေးဝင်းခိုင်က နိုင်ငံတော်မတည်ငွေဖြင့်ဖွင့်လှစ်ထားရှိသည့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး ကျေးရွာနေပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊  စာဖတ်ရှိန်မြှင့်တင်​ရေးအတွက် ​ကျေးရွာစာကြည့်တိုက်များရှိ စာ​ပေများကို ​လေ့လာဖတ်ရှုခြင်းဖြင့် ကျေးရွာ​နေပြည်သူများ အသိပညာများဖွံ့ဖြိုးတိုးတက်လာ​စေ​ရေး ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍  မြို့နယ်​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​ဒေါက်တာထွန်း​ဝင်းက မွေးမြူ​ရေးလုပ်ငန်းဖြင့် အသက်​မွေးဝမ်း​ကျောင်းပြုရာတွင် စနစ်တကျ​မွေးမြူနိုင်ရေး၊ ကျေးရွာ​အတွင်း ဝက်​မွေးမြူ​ရေးဖွံ့ဖြိုး​စေ​ရေးအတွက် မျိုး​ကောင်းမျိုးသန့်​ရွေးချယ်ခြင်း၊ အစာ​​​ကျွေး​မွေးခြင်းနှင့် ပြုစု​စောင့်​ရှောက်ရမည့်အချက်များ၊ ပဋိဇီဝ​ဆေးယဥ်ပါးမှုအ​ကြောင်း သိ​ကောင်းစရာများကို ပညာ​ပေး​ပြောကြားခဲ့​ကြောင်း သိရသည်။

​မြို့နယ်(ပြန်/ဆက်)