သတင်းများ

ဟင်္သာတမြို့နယ်၌၂၀၂၄ -၂၀၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊  ဇရပ်ကွင်းကျေးရွာအုပ်စု၊ သင်္ဃန်းတောကျေးရွာနေတောင်သူ ဒေါ်အေးငြိမ်း၏ကွင်းအမှတ်(၁၂၄၅)၊ ဦးပိုင်အမှတ်(၂၄/ ၁)ရှိ လယ်မြေ (၅ .၀၀)ဧကတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်နည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများကပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရွှေကူမြို့နယ်အတွင်း ရေတိုက်စား၍ နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ရသည့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များထောက်ပံ့
Jul 09,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာအုပ်စု၊ ကျွန်းတော်ကျေးရွာ၌  ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်၍ နေအိမ်အချို့ရေတိုက်စားခြင်းကြောင့် ပြောင်းရွှေ့ရသည့်အိမ်ထောင်စုများ၊ ဖျက်သိမ်းပြောင်းရွှေ့ရသည့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ  ယမန်နေ့နံနက် ၉ နာရီခန့်ကသွားရောက်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။
စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့်စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းဆောင်ရွက်
Jul 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ မိုးရာသီလေပြင်းဒဏ်ခံ “အုန်းပင်စိုက်ပျိုးပွဲ” အခမ်းအနား တက်ရောက်
Jul 09,2024
၂၀၂၄ ခုနှစ် မိုးရာသီလေပြင်းဒဏ်ခံ “အုန်းပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက်၊ ပြည်နယ်တရားလွှတ်တော်ရုံးအရှေ့ သံလွင်မြစ်ကမ်းဘေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
ဖျာပုံမြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြို့မစျေးကြီးအတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များကို မြို့နယ်စျေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၄) ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ (၇၇) နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 09,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲပိုင်းက Community Centre ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။