ဒေးဒရဲမြို့နယ်၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများကျင်းပ

ဒေးဒရဲ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၄) ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ (၇၇) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းက အလယ်တန်းပြ ဆရာမ ဒေါ်မိုးမိုးမြင့်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးကြိုးပမ်းမှုများကို ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် အခြေခံပညာအလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသူများအား  (၇၇) နှစ်မြောက် အာဇာနည်နေ့တွင်  ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)