ဖျာပုံ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြို့မစျေးကြီးအတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များကို မြို့နယ်စျေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်စက်၊ ဆန်ကုန်သည်အသင်းမှ တာဝန်ရှိသူများက စျေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးကြရာ ဖျာပုံမြို့နယ်အနေဖြင့် မြန်မာနိုင်ငံဆန်၊ စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းဖြစ်သည့် ပေါ်ဆန်းဆန်(၁)ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ပစ္စည်းမှန်၊ စျေးနှုန်းမှန်၊ အရောင်းအဝယ်မှန်၊ အရည်အသွေးမှန်၊ အချိန်တွယ်မှန်ကန်မှု ရှိ/မရှိ စျေးကွက်အတွင်း ရောင်းချပေးနေခြင်းကို စျေးကွက်စောင့်ကြည့် လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)