သတင်းများ

ချောင်းသာ၌ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ယမန်နေ့နံနက်ပိုင်းက ချောင်းသာမြို့ ရွာသစ်ဘုန်းတော်ကြီးကျောင်း၌  ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘားအံတက္ကသိုလ်(၂၁)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Jul 09,2024
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တည်ထောင်ခြင်း(၂၁)နှစ်ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ဝါးခယ်မမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယ‌နေ့နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကျွန်းပြသာဒ်ကျေးရွာ၊ ကွင်းချောင်းကျေးရွာနှင် သစ်ချိုင့်ကျေးရွာတို့တွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမြင့်နှင့် အဖွဲ့များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Jul 09,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန် မြင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Jul 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆရာကြီးရွှေဥဒေါင်းရေးသားသော “ အာဟာရနှင့်ကျန်းမာရေး ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ခရေပင် ၃၀၀ ပင် စုပေါင်းစိုက်ပျိုး
Jul 09,2024
မြို့နယ်အတွင်း စိမ်းလန်းစိုပြည်ရေး ရာသီဥတုကောင်းမွန်ရေးရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ခရေပင် ၃၀၀ ပင်ကို သုံးခွရပ်ကွက်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ၊‌‌ အေးရိပ်မွန်လမ်း (ဝဲ/ယာ) တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ကာ ယနေ့နံနက် ၇ နာရီအချိန်က စု‌ပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် YSR-1 နွေစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Jul 09,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် YSR-1 နွေစပါးစံကွက်ရိတ်သိမ်းပွဲကို အောင်ပင်သာကျေးရွာအုပ်စု ကျွဲဘိကျေးရွာမှ တောင်သူ ဒေါ်မြင့်အုန်း၏ ကွင်းအမှတ် ၅၀၆(ခ) ဦးပိုင်အမှတ် ၅၃/၃ မြေကွက်အမှတ် ၁၀၇၂ မျိုးစေ့ထုတ်စံပြစိုက်ခင်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အ.မ.က(ရွှေတောင်စု)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။