သတင်းများ

ကသာမြို့၌ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်
Jul 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဧရာဝတီမြစ်နှင့်နီးစပ်သော မြေနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများမှ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီအချိန်က မဟာလေးထပ်ကျောင်း ဇရပ်နှင့် ရပ်ကွက်(၃) ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်
Jul 09,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ် ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်း၌  ခွေးရူးရောဂါအကြောင်း သိကောင်းစရာဟောပြောခြင်း ဆောင်ရွက်
Jul 09,2024
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ခွေးရူးရောဂါအကြောင်း သိကောင်းစရာ ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ကရုပ္ပိအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းက အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့၌ ကျောင်းကျန်းမာရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်
Jul 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အ.ထ.က အုတ်ဖိုတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုနှင့် လက်ဆွဲကောက်စိုက်စက်များ ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်
Jul 09,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့က တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုနှင့် လက်ဆွဲကောက်စိုက်စက်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ပြည်တက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ
Jul 09,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ်၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟော ပြောပွဲကျင်းပရာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများ၊ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်သည်။
ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများသို့သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (စုပေါင်းရုံး) သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။