ဂွမြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ဂွ ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲပိုင်းက Community Centre ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဇူလိုင်(၁၉)ရက်နေ့တွင် ‌‌ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ အထ္ထုပ္ပတ္ထိအကြောင်းအရာအကျဥ်းများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ပြီး အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ပြသထားရှိရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်