ကြို့ပင်ကောက် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် YSR-1 နွေစပါးစံကွက်ရိတ်သိမ်းပွဲကို အောင်ပင်သာကျေးရွာအုပ်စု ကျွဲဘိကျေးရွာမှ တောင်သူ ဒေါ်မြင့်အုန်း၏ ကွင်းအမှတ် ၅၀၆(ခ) ဦးပိုင်အမှတ် ၅၃/၃ မြေကွက်အမှတ် ၁၀၇၂ မျိုးစေ့ထုတ်စံပြစိုက်ခင်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ YSR-1 နွေစပါးမျိုးအား စိုက်ပျိုးရေးသုတေသနမျိုးသန့်ခြံမှ ဝယ်ယူစိုက်ပျိုးထားခြင်းဖြစ်ကြာင်း သဘာဝမြေဩဇာနှင့်ယူရီယားဓါတ် မြေဩဇာထည့်သွင်းစိုက်ပျိုးထားခြင်းဖြစ်ကြောင်း စပါးအထွက်နှုန်းမှာတစ်ဧကလျှင် စပါး ၁၃၈ ဒသမ ၂၆ တင်းခန့်ထွက်ရှိခဲ့ကြောင်း ယခင်နှစ်က မှော်ဘီ-၃ နွေစပါးမျိုး စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် ၁၁၀ တင်းသာထွက်ရှိခဲ့ကြာင်း ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များဖြင့် စိုက်ပျိုးခဲ့သောကြောင့် အထွက်နှုန်းတိုးတက်ရရှိခဲ့ကြာင်း တောင်းသူ ဒေါ်မြင့်အုန်းထံမှ သိရသည်။
YSR-1 နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြာင်း သိရသည်။
ဇေယျာထွန်း