ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ခရေပင် ၃၀၀ ပင် စုပေါင်းစိုက်ပျိုး

ဒဂုံတောင် ဇူလိုင် ၉

မြို့နယ်အတွင်း စိမ်းလန်းစိုပြည်ရေး ရာသီဥတုကောင်းမွန်ရေးရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ခရေပင် ၃၀၀ ပင်ကို သုံးခွရပ်ကွက်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ၊‌‌ အေးရိပ်မွန်လမ်း (ဝဲ/ယာ) တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ကာ ယနေ့နံနက် ၇ နာရီအချိန်က စု‌ပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ပရဟိတပြည်သူများ စုစုပေါင်းအင်အား (၃၀၀) တို့က ခရေပင် (၃၀၀) ပင်ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ဒဂုံမြို့သစ်ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးခရိုင်မှူး (ပန်းဥယျာဥ်) ဦး၊ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုး‌ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ကြည့်ရှုအားပေးကာ ကိုယ်တိုင်ပါဝင်စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

သန်းသန်းအေး