ဝါးခယ်မမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယ‌နေ့နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကျွန်းပြသာဒ်ကျေးရွာ၊ ကွင်းချောင်းကျေးရွာနှင် သစ်ချိုင့်ကျေးရွာတို့တွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမြင့်နှင့် အဖွဲ့များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး အစီအမံများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါအချက်အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာနေပြည်သူများ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ကိစ္စရပ်များအား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများမှ လိုအပ်သောတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)