သတင်းများ

ကျောင်းကုန်းမြို့၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးမခအုပ်စု၊ ကျုံပျော်ကားလမ်းမဘေး၊ ကွင်းအမှတ် ၃၈၉-D/မိုးမခ၊ ဦးပိုင်အမှတ် ၄၅/၂၊ တောင်သူ ဦးလှ‌ဌေး၏ လယ်မြေ(၃.၁၄)ဧက၌ (C S) မျိုးသန့်စိုက်ခင်း ဆင်းသုခမျိုးစပါးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယ‌နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း ဧက ၃၉၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း ဧက ၃၉၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသညိ။
ပွင့်ဖြူမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာ ရေးသားနည်းသင်တန်း ဖွင့်လှစ်
Jul 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းလုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာ ရေးသားနည်းသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နံ့သာပုကျေးရွာအုပ်စု အ.ထ.က(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ငရုတ်ကောင်းမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက(အ.ထ.က) ငရုတ်ကောင်းကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
မန္တလေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲ ကျင်းပ
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းမြို့တွင် ရေသယံဇာတအကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 10,2024
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ရေသယံဇာတအကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ် သည်။
ပြင်ဦးလွင်ခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး
Jul 10,2024
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင် စာရေးဆရာ ကိုရွှေအောင်သင်း ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့  အောင်ချမ်းသာကျေးရွာအုပ်စုရှိ စိုးစံပြည်သူ့စာကြည့်တိုက်၊ ဝါးပိုးရေကျေးရွာရှိ အာရှအလင်းရောင်စာကြည့်တိုက်၊ ဓားသွေးကျောက်ကျေးရွာရှိ အောင်ပန်းတိုင်စာကြည့်တိုက်များသို့ ယနေ့မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်းကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ အပါအဝင် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။