သတင်းများ

ပြည်တက္ကသိုလ်၌ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး သန်ချဆေး‌ပေါင်း တိုက်ကျွေး
Jul 09,2024
ပြည်တက္ကသိုလ်၊ သီရေတာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်တက္ကသိုလ်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ပြည်ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများအဖွဲ့က ဆင်ခြေထောက်ရောဂါကာကွယ်ဆေး သန်ချဆေးပေါင်း လာရောက်တိုက်ကျွေးဆောင်ရွက်ပေးခဲ့သည်။
တံတားဦးမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုများအား သွားရောက်ကြည့်ရှုကြပြီး ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြား
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ဆင်ကျုံးကျေးရွာရှိ စန္ဒာပုရိရေတံခါးမှ မြစ်ရေများသည် ဟံသာဝတီကျေးရွာအတွင်း ရေဝင်ရောက်မှုမရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများမှ အဆိုပါရေတံခါးအား လဲအိတ်များဖြင့် ပိတ်ဆို့နေမှုကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြသည်။
တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့မှ ရေဝင်ရောက်မှုကြောင့် ကျေးရွာများအချို့မှ ပြည်သူများ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြပြီး အခြေခံပညာကျောင်းပေါင်း(၉)ကျောင်း ခေတ္တယာယီပိတ်ထား
Jul 09,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့မှ ရေဝင်ရောက်သဖြင့် မြစ်ကမ်းပါးနှင့်နီးသော ကျေးရွာများအချို့မှ ပြည်သူများ ရေလွတ်ရာကုန်းမြင့်နေရာများသို့ ပြောင်းရွေ့နေထိုင်ကြီးပြီး အခြေခံပညာကျောင်းပေါင်း(၉)ကျောင်း ခေတ္တယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် သဘာဝဘေးဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က ကယ်ဆယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု အခြေအနေများအား ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ဝါးခယ်မမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ သင်ကြားသူဆရာ၊ ဆရာမများ (၂) ထပ်ကွမ်း၊ (၁)ထပ်ကွမ်းလူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း ဒေါ်ပိုက်မိခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ သင်ကြားသူဆရာ၊ ဆရာမများ (၂) ထပ်ကွမ်း၊ (၁) ထပ်ကွမ်းလူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန က ပန်ခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်၊ ကျေးရွာများအရောက် ဆောင်ရွက်ပေး
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနက ပန်ခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ကျေးရွာများအရောက် ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ဇူလိုင်လ ၉ ရက်နေ့၊မွန်းလွဲ ၁ နာရီအချိန်က  အမှတ်(၂)ရပ်ကွက်၊မြို့သစ်(၂)လမ်းရှိ မြို့သစ်ဆွမ်းလောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၌ မိုးရာသီကာလဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့ပေါ်၊ ရပ်ကွက်များနှင့် ကျေးရွာများသို့ကွင်းဆင်း၍ ပြည်သူများမိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်စေရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ထောက်ပံ့များပစ္စည်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ချောင်းဖျားကျေးရွာ ဗောဓာရာမဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂/၂၀၂၄)  သင်တန်းဆင်းပွဲကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေ့ဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။