တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့မှ ရေဝင်ရောက်မှုကြောင့် ကျေးရွာများအချို့မှ ပြည်သူများ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြပြီး အခြေခံပညာကျောင်းပေါင်း(၉)ကျောင်း ခေတ္တယာယီပိတ်ထား

တံတားဦး ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့မှ ရေဝင်ရောက်သဖြင့် မြစ်ကမ်းပါးနှင့်နီးသော ကျေးရွာများအချို့မှ ပြည်သူများ ရေလွတ်ရာကုန်းမြင့်နေရာများသို့ ပြောင်းရွေ့နေထိုင်ကြီးပြီး အခြေခံပညာကျောင်းပေါင်း(၉)ကျောင်း ခေတ္တယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။

အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင်၊ ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စု၊ ကျေးရွာပေါင်း(၁၄)ရွာရှိ အိမ်ထောင်စုပေါင်း(၉၅၅)စု၊ လူဦးရေပေါင်း(၃၉၂၃)ဦးတို့မှ ရေများဝင်ရောက်နေပြီဖြစ်ရာ ငါးရာပြားကျေးရွာအုပ်စု၊ လက်ဆောင်ယူကျေကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာအုပ်စုနှင့် ဥတည်ကျေးရွာကျေးရွာအုပ်စု စုစုပေါင်း(၄)အုပ်စု အိမ်ထောင်စုပေါင်း(၁၀၀)၊ လူဦးရေပေါင်း(၄၂၇)ဦးတို့မှ ရေလွတ်ရာကုန်းမြင့်နေရာများ၊ နီးစပ်ရာဆွေမျိုးများ၏နေအိမ်များသို့ ပြောင်းရွေ့နေထိုင်ကြသည်။

ထိုမြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သော အ.ထ.က မြေငူ၊ မူလွန်လက်ဆောင်ယူကျောင်း၊ အ.မ.က ထောက်ရစ်၊ အ.မ.က ဘလဲ့ဘ၊ အ.မ.က ပေါက်တော၊ အ.မ.က ကျီးပင်၊ အ.မ.က ငါးရာပြား၊ အ.မ.က ဈေးချိုနှင့် အ.မ.က ဇီးပင်ကွေ့ကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ခေတ္တယာယီပိတ်ထားပါကြောင်း မြေငူအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူပေါင်း(၆၁၅)ဦး၊ ဆရာ/မ(၂၄)ဦး၊  မူလွန်လက်ဆောင်ယူကျောင်းတွင် ကျောင်းသား/သူပေါင်း (၂၂၃)ဦး၊ ဆရာ/မပေါင်း(၁၁)ဦး၊ အ.မ.က ထောက်ရစ်တွင် ကျောင်းသား/သူပေါင်း(၁၀၈)ဦး၊ ဆရာ/မပေါင်း(၂)ဦး၊ အ.မ.က ဘလဲ့ဘတွင် ကျောင်းသား/သူပေါင်း(၈၅)ဦး၊ ဆရာ/မပေါင်း(၆)ဦး၊ အ.မ.က ပေါက်တောတွင် ကျောင်းသား/သူပေါင်း(၂၅)ဦး၊ ဆရာ/မပေါင်း(၇)ဦး၊ အ.မ.က ကျီးပင်တွင် ကျောင်းသား/သူပေါင်း(၁၇)ဦး၊ ဆရာ/မပေါင်း(၇)ဦး၊ အ.မ.က ငါးရာပြားတွင် ကျောင်းသား/သူပေါင်း(၉၆)ဦး၊ ဆရာ/မပေါင်း(၆)ဦး၊ အ.မ.က ဆေးချိုတွင် ကျောင်းသား/သူပေါင်း(၁၃၆)ဦး ဆရာ/မပေါင်း(၇)ဦး၊ အ.မ.က ဇီးပင်ကွေ့ကျောင်းတွင် ကျောင်းသား/သူပေါင်း(၁၀၃)ဦး ဆရာ/မပေါင်း(၇)ဦးရှိပြီး  ထိုကျောင်းသား/သူများကို ရေများပြန်လည်ကျသည့်အခါ ကျောင်းပိတ်ရက်များတွင် အစားထိုးဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)