မအူပင်မြို့၌ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂/၂၀၂၄)  သင်တန်းဆင်းပွဲကျင်းပ

မအူပင် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေ့ဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူးဦးသီဟကိုကိုမှ အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်စိုးစိုးမော်မှ ဝမ်းမြောက်စကားပြောကြားသည်။ ၎င်းနောက်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မြို့နယ်တပ်ဖွဲ့မှူးဦးနေလင်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးသီဟကိုကို၊ မြို့နယ်ပညာရေးမှူးဒေါ်စန်းယုမော်၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလိန်းဟုန်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်ကျော်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေလင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး‌ဒေါ်စိုးစိုးမော်နှင့် ဆရာ၊ ‌ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)