သာပေါင်း ဇူလှိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနက ပန်ခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ကျေးရွာများအရောက် ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ဇူလိုင်လ ၉ ရက်နေ့၊မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊မြို့သစ်(၂)လမ်းရှိ မြို့သစ်ဆွမ်းလောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ပန်ခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက ရပ်ကွက်၊ကျေးရွာအုပ်စုများနေ ပြည်သူများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်) မရှိသူများ တစ်ဦးချင်းအလိုက် အကွက်အပေါက်များ စိစစ်ခြင်း၊အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့်မပျောက်ပျက်အောင် ထိန်းသိမ်းရမည့်နည်းလမ်းများကို အသိပညာပေးပြောကြားကာ အမှတ် (၂) ရပ်ကွက်နေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)