သတင်းများ

သာပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန က ပန်ခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်၊ ကျေးရွာများအရောက် ဆောင်ရွက်ပေး
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနက ပန်ခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ကျေးရွာများအရောက် ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ဇူလိုင်လ ၉ ရက်နေ့၊မွန်းလွဲ ၁ နာရီအချိန်က  အမှတ်(၂)ရပ်ကွက်၊မြို့သစ်(၂)လမ်းရှိ မြို့သစ်ဆွမ်းလောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၌ မိုးရာသီကာလဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့ပေါ်၊ ရပ်ကွက်များနှင့် ကျေးရွာများသို့ကွင်းဆင်း၍ ပြည်သူများမိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်စေရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ထောက်ပံ့များပစ္စည်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ချောင်းဖျားကျေးရွာ ဗောဓာရာမဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂/၂၀၂၄)  သင်တန်းဆင်းပွဲကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေ့ဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အ.မ.က (ရွှေတောင်စု) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ကြံခင်းမြို့၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကြံခင်းမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ဖျာပုံမြို့၌ မိုးရာသီကာလဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိကျောင်းများတွင် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျောင်းကျန်းမာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်စေရန် ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.မ.က (၄) ကျောင်းခန်းမ၌ တာဝန်ရှိသူများ အသိပညာပေးဟောပြောကြသည်။
ကလေးဝမြို့တွင် ရေးဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုများအားထောက်ပံ့
Jul 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ရေးဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုများအားထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။