သတင်းများ

ကြို့ပင်ကောက်မြို့၌ မြစ်မခမြစ်ရေတိုးမြင့်လာမှုကြောင့် ပိတ်ထားရသော အခြေခံပညာကျောင်း (၇)ကျောင်းအထိရှိလာ
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အနောက်ဘက်ခြမ်းရှိ မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိ ကျောင်းပိတ်ထားရသော အခြေခံပညာကျောင်း (၇)ကျောင်းအထိရှိလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြား
Jul 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက ပု‌ဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တာချီလိတ်မြို့ ရွှေဝါနဒီပန်းခြံ အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Jul 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စည်ပင်သာယာရေးဌာနပိုင် ရွှေဝါနဒီပန်းခြံအား အများပြည်သူအပန်းဖြေအနားယူနိုင်သည့် ပန်းခြံအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ပန်းခြံတည်ဆောက်မည့်မြေနေရာ၌ ကျင်းပခဲ့သည်။
လင်းရောင်ခြည် စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပန်းလိုချင်အပင်ကို ပျိုးတတ်မှ ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မေရီလန်းကျေးရွာအုပ်စု လင်းရောင်ခြည်စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီတွင် မေရီလန်းကျေးရွာအုပ်စု စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ်ပါ ပန်းလိုချင်အပင်ကို ပျိုးတက်မှခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အခြေခံပညာအလယ်တန်းကျောင်း မွေ့ရပ်တွင် စာဖတ်ရှိန်မြင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းမွေ့ရပ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဟန်သူဇာဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ငဝန်မြစ်ရေကြီးဝင်‌ရောက်မှုကြောင့် ယာယီရွှေ့ပြောင်း ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့
Jul 24,2024
‌ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့် ရေဝင်လာရောက်လာမှုကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာ အမှတ် (၃) ရပ်ကွက်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စုများရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်ရိက္ခာဖိုးများ သွားရောက်ထောက်ပံ့ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လေးမျက်နှာမြို့နယ်အတွင်း ယာယီရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ရေကြည်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယခုလ (၂၂) ရက်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိတဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲ တက်ရောက်လောင်းလှူပူဇော်
Jul 24,2024
ဝီသတိမ (၂၀) ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် (၄) နာရီခွဲအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ (ဒေါ်လှယဉ်ဓမ္မာရုံ) ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။