သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ငဝန်မြစ်ရေကြီးဝင်‌ရောက်မှုကြောင့် ယာယီရွှေ့ပြောင်း ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့

သာပေါင်း ဇူလိုင် ၂၄

‌ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့် ရေဝင်လာရောက်လာမှုကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာ အမှတ် (၃) ရပ်ကွက်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စုများရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်ရိက္ခာဖိုးများ သွားရောက်ထောက်ပံ့ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးတင်မောင်ထွန်းတို့က ငဝန်မြစ်ရေကြီးမြင့် ရေဝင်‌ရောက်မှုကြောင့် ရွှေ့ပြောင်းထားရှိရာ ယာယီရေဘေးရှောင်နေရာများ အမှတ် (၃) ရပ်ကွက်၊ ဝိသုဒ္ဒါရာမ မြို့မမင်းကျောင်းတွင် ရွှေ့ပြောင်းထားသည့်အိမ်ထောင်စု (၄) စု၊ ဘုရားကုန်း ကျေးရွာအုပ်စု၊ ကျိန္တလီကျေးရွာ၊ လူထုဗဟိုပြုခန်းမတွင် ရွှေ့ပြောင်းထားသည့်အိမ်ထောင်စု (၈) စု၊ ဘုရားကုန်း ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းထားသည့်အိမ်ထောင်စု (၁၅) စု၊ တလုပ်ကုန်း ကျေးရွာအုပ်စု၊ ကမ္ဘားနီကျေးရွာ၊ ရတနာကမ္ဘားနီ ဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်းထားသည့်အိမ်ထောင်စု (၉) စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ ဆင်ပေါင်ပင်‌ကျေးရွာ ဓမ္မာရုံတွင် ရွှေ့ပြောင်းထားသည့်အိမ်ထောင်စု (၆) စုတို့ကို အားပေးစကားပြောကြားပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း