သတင်းများ

ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ မိုးစပါးစိုက်ပျိုးရန်အတွက် မိုးစပါးများပျိုးထောင်ထားပြီဖြစ်
Jul 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်ပြီဖြစ်၍ ဒေသနေ တောင်သူအများစုသည် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် လယ်ယာလုပ်ငန်းခွင်များသို့ ဝင်ရောက်ပြီး ပျိုးပင်များ ပျိုးထောင်ထားပြီဖြစ်ကြောင်း သိရသည်။
အ-ထ-က (သရက်ချောင်း)ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်း အနားကျင်းပ
Jul 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌  ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကျင်းပခဲ့သည်။
သရက်ချောင်းမြို့နယ်၌ ယူရီးယား(Urea)ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jul 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ၂၀၂၄ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့ နေလယ် (၁) နာရီခွဲအချိန်က တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း ရေကာတာများ ကြည့်ရှုစစ်ဆေး
Jul 09,2024
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိလာခဲ့ရာ မြို့နယ်အဆင့် တာဝန်ရှိသူများမှ တာတမံများ အသစ်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ရေလမ်းကြောင်းအခြေအနေများ၊ မြစ်ရေတက်လာပါက ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပြန်လည်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြသည်။
တာချီလိတ်မြို့ အ.ထ.က(ဟောင်လိတ်)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်တက္ကသိုလ်၌ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး သန်ချဆေး‌ပေါင်း တိုက်ကျွေး
Jul 09,2024
ပြည်တက္ကသိုလ်၊ သီရေတာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်တက္ကသိုလ်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ပြည်ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများအဖွဲ့က ဆင်ခြေထောက်ရောဂါကာကွယ်ဆေး သန်ချဆေးပေါင်း လာရောက်တိုက်ကျွေးဆောင်ရွက်ပေးခဲ့သည်။
တံတားဦးမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုများအား သွားရောက်ကြည့်ရှုကြပြီး ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြား
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ဆင်ကျုံးကျေးရွာရှိ စန္ဒာပုရိရေတံခါးမှ မြစ်ရေများသည် ဟံသာဝတီကျေးရွာအတွင်း ရေဝင်ရောက်မှုမရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများမှ အဆိုပါရေတံခါးအား လဲအိတ်များဖြင့် ပိတ်ဆို့နေမှုကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြသည်။