ဇလွန် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းမွေ့ရပ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဟန်သူဇာဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အခြေခံပညာအလယ်တန်းကျောင်း မွေ့ရပ်တွင်စာဖတ်ရှိန် မြင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဟန်သူဇာဝင်းက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ စာပေ၏အကျိုးကျေးဇူများ၊ သုတ၊ ရသစာအုပ်များ လေ့လာဖတ်ရှုခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန်အတွက် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ဖတ်ရှုလေ့လာကြရန် အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)