ဇလွန် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မေရီလန်းကျေးရွာအုပ်စု လင်းရောင်ခြည်စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီတွင် မေရီလန်းကျေးရွာအုပ်စု စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ်ပါ ပန်းလိုချင်အပင်ကို ပျိုးတတ်မှခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းကစာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များရရှိလာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေဗဟုသုတများရရှိလာစေရန်နှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မေရီလန်းကျေးရွာအုပ်စု စာပေချစ်မြတ်နိုးသူများက ပန်းလိုချင်အပင်ကိုပျိုးတက်မှခေါင်းစဥ်မှ ကလေးကိုပြုစုပျိုးထောင်ရာ၌ ကလေးတို့၏ သဘာဝကိုအမှန်အတိုင်း သိမြင်လက်ခံရန် လိုသည့်အကြောင်း၊ ကလေး၏သဘာဝ၊ ကလေး၏ဆန္ဒနှင့် မိဘ၏ဆန္ဒ၊ မိဘဖြစ်စေချင်သည်တို့ကိုမျှတအောင် ဆက်စပ်ပေးရန်အကြောင်း၊ အသက်မွေးမှုတစ်ခု ပညာကိုယ်စီရှာကြရာ၌ ဝါသနာနှင့်ကိုက်ညီရန်လိုသည့်အကြောင်း စသည့်အကြောင်းအရာများကို ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးတို့ဖြင့် အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)