ကျိန္တလီ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် “ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းများကိုလည်း အမြဲတစေသိရှိနိုင်စေရန် ဝန်ထမ်းကျင့်ဝတ်စာအုပ်ကို လေ့လာဖတ်ရှုသင့်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဓာတ်ပုံကျွမ်းကျင်-၂ ဦးထက်မြက်သူက ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်အမျိုးအစားများနှင့် အကျိုးသက်ရောက်မှုများ ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက ပြစ်ဒဏ်နှင့်အကျိုးသက်ရောက်မှုများ ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊အငယ်တန်းစာရေး(အင်အားပြ) ဦးဇော်လင်းက အရေးယူခံရသော ဝန်ထမ်း၏အခွင့်အရေးများ ခေါင်းစဉ်ပါအကြောင်းအရာကိုလည်းကောင်း ဖတ်ကြားခဲ့ပြီး ဝန်ထမ်းများ အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိန္တလီမြို့ရုံးအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာဆောင်ရွက်ရန် သတ်မှတ်ပြဋ္ဌာန်းထားသည့် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို လစဉ် တစ်လလျှင် (၂)ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)