အသက် (၅) နှစ်မှ (၇) နှစ်အထိ ကလေးငယ်များအား DT (ဆုံဆို့ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး) များ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေး

ဒဂုံမြောက် ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နယ်၌ အသက် (၅) နှစ်မှ (၇) နှစ်အထိ ကလေးငယ်များအား DT (ဆုံဆို့ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး) အား အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက် (၅) နှစ်မှ (၇) နှစ်အထိ ကလေးငယ်များအား DT (ဆုံဆို့ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး) များကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းများဖြစ်‌သော အ.မ.က (၁၀)၊ အ.မ.က (၁၁)၊ အ.မ.က (၁၂)၊ အ.မ.က (၁၃)၊ အ.မ.က (၁၅)၊ အ.မ.က (၁၇) ကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၀၀) ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမိုးခန့်သက်ဦး‌စီး၍ ဆရာမ (၄) ဦးတို့မှ ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်ပြီး ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ