ရွှေဘိုမြို့အမှတ်(၁၁) အ.မ.က၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

​ရွှေဘို ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုမြို့အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများကို ယ​နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ ​ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူးဒေါ်​အေးမြမွန်က စာဖတ်ရှိန်မြှင့်တင်​ရေးလှုပ်ရှားမှု ​ဟော​ပြောပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာပေဖတ်ရှု့ရခြင်း အကျိုးကျေးဇူးများကို​​ ဆွေး​နွေးပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်က ကျောင်းသား/သူ​လေးများအား ပုံပြင်၊ ရုပ်ပြစာအုပ်များ ဖတ်ပြ​ဆွေး​နွေးခြင်း၊ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်​ပေးခဲ့ပြီး​၊ အသိပညာ​ပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ပြသထားရာ ​ကျောင်းသား၊ ​ကျောင်းသူ​လေးများက စိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြ​ကြောင်း သိရသည်။

အေးမြင့်စန်း

​ခရိုင်(ပြန်/ဆက်)