ရပ်စောက် ဇူလိုင် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်ဖြစ်ကျေးရွာအုပ်စု၊ ထီးခမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထီးခမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်နွှဲ့နှောင်းမှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြတ်သူက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်က ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေးအတွက် စာဖတ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အားကစားမှူးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ အားကစားပစ္စည်းများနှင့် သုတ၊ ရသစာအုပ်စာစောင်များကိုပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ပလပ်စတစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်