တွံတေး ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်တွင်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအား မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များအား ချပြရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအား မြို့နယ်သန်းခေါင် စာရင်း ကော်မတီအဖွဲ့ဝင်များအား ချပြရှင်းလင်းပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်း ရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးက သန်းခေါင်စာရင်းဆိုင်ရာ ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စု မေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများ၊ စာရင်း စစ်နှင့်စာရင်းကောက်များ အတည်ပြုသတ်မှတ်ခန့်ထားနိုင်ရေး စသည့် အကြောင်းအရာများကို ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသူများမှ သန်းခေါင်စာရင်းဆိုင်ရာများနှင့် ပတ်သက်၍ မေးမြန်းလာမှုများအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအား မြို့နယ်သန်းခေါင် စာရင်းကော်မတီအဖွဲ့ဝင်များအား ချပြရှင်းလင်းပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ သန်းခေါင် စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးနှင့် ကော်မတီဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)