ကော့သောင်း ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက (မူလွန်) အဏ္ဏဝါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက စာဖတ်စွမ်းရည် တိုးတက်မြင့်မားစေရန်နှင့် အသိပညာ ဗသုတများ တိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတ ရရှိသည့် စာအုပ်/စာစောင်များအား ဖတ်ရှုလေ့လာရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား စာဖတ်ဝိုင်း ပြုလုပ်ပေး၍ မိမိဖတ်ရှုရသည့် စာအုပ်ထဲမှ ဗဟုသုတ ရရှိစေသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)