သာယာဝတီ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာအုပ်စု၊ တာပိုင်းကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာပြည်ကျော်ဆန်စက်၌ မြေငှားဂရန် ထုတ်ပေးနိုင်ရေး ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သာယာဝတီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဂုံမင်းမြောင်ကျေးရွာအုပ်စုတွင် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ခိုင်မာသည့်အထောက်အထား မြေငှားဂရန်ရရှိခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သာယာဝတီမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)