ရွှေသောင်ယံမြို့  အမှတ်(၁)ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရွှေသောင်ယံ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁၁၂)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၁)နာရီက ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဟောပြောပွဲကို ဆောင်ရွက်ရာ ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်မှ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကာကွယ်နိုင်ရန်အ‌ကြောင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ အကြောင်းအရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်အကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဆရာမ ဒေါ်ခင်မို့မို့ကျော်မှ ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်လာပုံ၊ ရောဂါမဖြစ်အောင်ရှောင်ရန် နည်းလမ်းများ၊ စသည်ဖြင့် ဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊  ကျောင်းသူများတက်ရောက်ကြသည်။

ရွှေသောင်ယံ (ပြန်/ဆက်)